မောက်မယ်မြို့နယ်တွင် ယမန်နေ့ည မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်းရှိ နေအိမ်အချို့ရေများဝင်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်တွင် ယမန်နေ့ည မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်းရှိ နေအိမ်အချို့ရေများဝင်ရောက်




MNP ၊  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းမြေနှိမ့်ပိုင်းရှိ နေအိမ်များအချို့ ရေများဝင်ရောက်ကြောင်း သိရသည်။


ယမန်နေ့ညတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေလျှံပြီး စျေးတန်းရပ်ကွက်၊ ကွန်ကျိုင်းရပ်ကွက်၊ မွေတော်ရပ်ကွက်ရှိ မြေနှိမ့်ပိုင်းရှိနေအိမ်များ အတွင်း ယနေ့ နံနက် ၄ နာရီမှ စတင်ပြီး ရေများဝင်ရောက်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက နေအိမ်များအတွင်းရှိ ပစ္စည်းများနှင့် တိရစ္ဆာန်များ ရေလွတ်ရာသို့ စုပေါင်း ပြောင်းရွှေ့ပေးခဲ့ကြသည်။   


အဆိုပါ နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် လူ၊ အိမ်ရှိပစ္စည်းများနှင့်တိရိစ္ဆာန်များ ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မရှိကြောင်းနှင့် ယနေ့နံနက်၈နာရီခွဲတွင် ရေများပြန်လည် ကျသွားကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။


 စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)