MNP ၊ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ သဘာဝဘေးသင့် ပြည်သူများနှင့်ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) မှ မျက်စိအထူးကုဆရာဝန်ကြီး ဗိုလ်မှူးနေလင်းထွန်း ဦးဆောင်သော ဆေးကုသမှုအဖွဲ့တို့က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကုသဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ဆေးကုသရေးအဖွဲ့မှ ဒလမြို့နယ်ရှိ ပုညာရာမကျောင်းတိုက်၌ သံဃာ (၇) ပါး၊ ကမ်းပါပြိုသဘာဝဘေးသင့်မိသားစုဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း (၂၂၃) ဦးတို့ကို သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ဒလတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းလူ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကသွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။ ကမ်းပါးပြိုသဘာဝဘေးသင့်မိသားစုဝင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အာလူး၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့လှူဒါန်းခဲ့ပြီး ပုညာရာမကျောင်းတိုက် ဆရာတော်ထံ ဝတ္ထုငွေဆက်ကပ်လှူဒါန်းခဲ့သည်။ကမ်းပါးပြိုသဘာဝဘေးသင့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့နေလည် ၂ နာရီအထိ ဆက်လက်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အေးမြမိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment