ဖနွမ်းပင်၊ စက်တင်ဘာ ၂၂
တရုတ်-ကမ္ဘောဒီးယား “Peace Angel-2023” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးတွဲလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားတော်ဝင်တပ်မတော် အထူးတပ်ဖွဲ့ကွပ်ကဲရေးဌာနတွင် စက်တင်ဘာ ၂၁ ရက်က အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပူးတွဲလေ့ကျင့်မှု ပိတ်သိမ်းခြင်းအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Tea Seiha ၊ တရုတ်နိုင်ငံ လေ့လာရေးအဖွဲ့ ခေါင်းဆောင် Wang Shuqian နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြည်ပနိုင်ငံများမှ စစ်သံမှူးများ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ စစ်တပ်များက လေ့ကျင့်တင်ဆက်ခဲ့ကြသည်။
ပူးတွဲလေ့ကျင့်မှုတွင် နှစ်နိုင်ငံ စစ်သားများက သဘာဝဘေးအန္တရာယ်သင့်နေရာများတွင် ရှာဖွေ၊ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း၊ ဖျားနာ၊ ဒဏ်ရာရသူများကို ကုသပေးခြင်းနှင့် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ပူးတွဲလေ့ကျင့်မှုက နှစ်နိုင်ငံစစ်တပ်များကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုအတွက် စမှတ်သစ်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်ခြင်းနှင့် အေးအတူ ပူအမျှအသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်း၌ နှစ်နိုင်ငံအတွက် ကြီးမားအရေးပါမှုလည်း ဖြစ်ကြောင်း Seiha ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost


No comments:
Post a Comment