MNP ၊ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စက်တင်ဘာလ ၂၁ နေ့က စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် မြစ်မခမြစ်ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ယနေ့ နေ့လယ် ၁ နာရီက ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက မြစ်မခမြစ်ကမ်းပြိုကျနေမှုကြောင့် စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ ကြိုတင်ဖျက်သိမ်းနေအိမ် (၆) လုံးအတွက် ပြောင်းရွှေ့စရိတ်ခြောက်သိန်းကျပ်၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ ခုနစ်သောင်းငါးထောင်ခြောက်ရာကျပ်၊ စုစုပေါင်း ခြောက်သိန်းခုနစ်သောင်းငါးထောင်ခြောက်ရာကျပ်တို့အား လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment