ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် သံတမန်အဖွဲ့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းများ လှည့်လည်ကြည့်ရှု စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် သံတမန်အဖွဲ့ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းများ လှည့်လည်ကြည့်ရှု စစ်ဆေး







MNP ၊ စက်တင်ဘာ ၃

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြသည်။


ယင်းနောက် စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးဆိုင်ရာ စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့် တို့ကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာသို့ ဆက်လက်ထွက်ခွာကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေကွက်များကို လေ့လာကြည့်ရှုကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လှဖိုးခေါင် ယာယီနေရာချထား ရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ပြန်လည်ဝင်ရောက်လာမည့်သူများအား ပြန်လည်နေရာချထားခြင်းမပြုမီ စခန်းတွင် ခေတ္တနေထိုင်နိုင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့များ ပံ့ပိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ စခန်းအတွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု ကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ပြန်လည် ထွက်ခွာကြပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။  


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)