ဘုရား မတ ကြေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရား မတ ကြေး






ဘာသာတရားတင် တိုက်ခိုက်ကြတာမဟုတ်ဘူး။ ယဉ်ကျေးမှူ့ကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြတာ  ကြောက်စရာကောင်းလှတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ် သီတင်းကျွတ်လပြည့်နေ့ဟာ ထမိန်အတွက် အလှဆင်စရာ ဖြစ်သွားရတယ်။ ခရစ်ခမတ်နေ့ တို့ အီးဒ် နေ့ တို့ရဲ့ အထိမ်းအမှတ် တွေရော ထမိန် အလှဆင် လုပ်ရဲကြရဲ့လား လို့ မေးချင်ပါရဲ့။

တာဝန်ရှိသူတွေကလည်း သူ့ကံနဲ့သူ အကျိုးပေးလိမ့်မယ် လို့ ပြောကြဦးမှာပါပဲ။ တဦးတယောက်အတွက် သည်းခံမှူ့ဟာ မြင့်မြတ်ပေမဲ့ အဖွဲ့အစည်း အများပိုင်သတ်မှတ်ချက်တွေ နဲ့ ပါတ်သတ်လာရင် သည်းခံလို့ မရဘူးဆိုတာ တာဝန်ရှိသူတွေရော သိပါရဲ့လား မေးလိုက်ချင်တယ်။

ဗုဒ္ဓဘာသာ နဲ့ပါတ်သတ်လာရင် ဗုဒ္ဓလည်းစော်ကား ဓမ္မလည်းပြစ်မှား သံဃာလည်းစော်ကား ခွင့်ရနေပြီး ခြားဘာသာတွေ ဆိုရင် လှုပ်တောင် မလှုပ်ရဲကြပဲ ဘယ်သာသာမှ မကိုးကွယ်ချင်တော့ဘူး ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း အံ့သြစရာ ကောင်းပါရဲ့ ။

ဘယ်ဘာသာမှ မကိုးကွယ်ရင် ဘယ်ဘာသာမှ မစော်ကားကြပါနဲ့လားဗျာ။

ဘာသာတရား ယဉ်ကျေးမှူ့ အားလုံးဟာ စနစ်တကျ ထိုးဖောက်တိုက်ခိုက်ခံနေရတာ ကြာလှပေါ့။

တာဝန်ရှိသူတွေကလည်း တားဆီးသင့်တာ မ တားဆီး အပြစ်ပေးသင့်တာ မပေးပဲ သူ့အပြစ် သူခံလိမ့်မယ် ဆိုပြီး တရားထူးတရားမြတ်ရတဲ့လေသံနဲ့ တုံ့ပြန်နေကြတော့ သူတို့ကလည်း စိတ်ကြိုက်စော်ကားခွင့် ရနေတာပေါ့။

ဒီနိုင်ငံ  ဒီဘာသာ ဒီလူ ဒီစနစ် တွေ နဲ့ကတော့ -

ကပ်သုံးပါးမကလို့ ကပ်ဆယ်ပါး ဆိုက်မယ် ဆိုရင်လည်း အံ့သြစရာ မရှိပါဘူး။ 

 ဂေါတမ ဗုဒ္ဓ ဆိုတဲ့ ဘုရားရှင် ဖြစ်အောင် ပါရမီ ဆယ်ပါးဖြည့်ကျင့်ခဲ့ရတဲ့ ဖြည့်ကျင့်မှူ့တွေရဲ့ လေးနက်မှူ့ တွေကို တာဝန်ယူထားသူတွေရော စော်ကားသူတွေပါ သိမှ မသိကြတာ အကြောင်းတရားရှိလို့ မြန်မာနိုင်ငံဟာ သာသနာကို ကာကွယ်စောင့်ရှောက်ခွင့်ရနေကြတာ ဘုရားရှင်ဟာ ငါဘုရားရှင်သာသနာကို ယုံယုံကြည်ကြည်နဲ့ စောင့်ထိမ်းကာကွယ်ရစ်ကြပါလို့ ပြောနေသလိုမျိုးကို နားထဲကြားယောင်နေမိတယ်။

မြန်မာလူမျိုးတွေကို ယုံကြည်စွာအပ်နှံခဲ့တဲ့ သာသနာကို တာဝန်မဲ့စွာပြုမူနေကြတာမြင်ရတော့ ဘုရားရှင်ကို အားနာစရာကောင်းလှတယ်။ 

သာသနာဖြစ်တည်ဖို့ လှူခဲ့တဲ့ သွေးတွေဟာ သမုဒ္ဒရာ လေးစင်းထဲကရေထက်များသတဲ့ လှူခဲ့တဲ့မျက်လုံးတော်တွေဟာ ကောင်းကင်က ကြယ်တွေထက်တောင် များသတဲ့။ အဲဒီလောက်လှူပြီး ပါရမီဖြည့်ခဲ့ရမှ ဒီဘုရား ဒီသာသနာဖြစ်တည်လာရတာပါ။

ဒါလောက်ဆို သဘောပေါက်ပေါ့။

စော်ကားတဲ့သူ တွေအတွက် အကျိုးအပြစ်က မသေးဘူး ဆိုတာ နားလည်ဖို့ လိုတယ်။ ဘေးဒုက္ခ တွေ ဖြစ်လာမှ 

ဘုရား ဘုရား တဖို့ မစဉ်းစားနဲ့။

အနောက်နိုင်ငံတွေ မှာတော့ ဗုဒ္ဓ ပုံနဲ့ မွှေးရိတ်စက် ကော်ဖီခွက် လာဘ်လာဘရုပ်တု နောက်ဆုံး ဖိနပ်တွေပေါ်မှာပါ ဗုဒ္ဓ ပုံတွေ နဲ့ ရိုက်နှိပ်ပြီး အသုံးပြုနေတာကြပြီ။

မြန်မာနိုင်ငံကိုလည်း အဲဒီလို ဇာတ်သွင်းချင်နေလို့ တဖြည်းဖြည်းချင်း ပုံသွင်းလာတာ။ ဒါကို စီးပွားရေးသမားတွေ ပိုက်ဆံလိုချင်လွန်းတဲ့ ဆယ်လီတွေ အသုံးချပြီးသဒ္ဓါတရားနည်းတဲ့ ဗုဒ္ဓဘာသာကို မှိုင်းသွင်းနေကြတာ ကြာလှပြီ။ ဒါဟာ ဘာသာတရားနဲ့ ယဉ်ကျေးမှု့ကို ဝါးမြိုခံလိုက်ရတာပါပဲ။ 

စော်ကားသူတွေရော တာဝန်ယူထားပြီး ငြိမ်နေသူတွေကိုပါ အံ့သြလို့မဆုံးဘူး။ အနည်းဆုံးတော့ ရတနာသုံးပါးကို စော်ကားသူတွေ ယဉ်ကျေးမှူ့ဖျက်စီးသူတွေကို ထောင်ချ ချိတ်ပိတ် ဥပဒေလောက်ပဲ ထုတ်ပြန်ကြည့်လိုက်ပါ။ အားလုံးရပ်တန့်သွားလိမ့်မယ်။


ဦးမြင့်ခိုင်

(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)