ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသော တပ်မ‌တော်သားများအား တွေ့ဆုံအားပေး ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသော တပ်မ‌တော်သားများအား တွေ့ဆုံအားပေး ထောက်ပံ့



MNP ၊  စက်တင်ဘာ  ၃၀

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)သို့ သွားရောက်ပြီး  ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများအား တွေ့ဆုံအား‌ပေး‌ ထောက်ပံ့ခဲ့သည်။


ထိုသို့ သွားရောက်တွေ့ဆုံအားပေး‌ထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တပ်မတော်အရာရှိကြီးများနှင့်အတူ အဆိုပါဆေးရုံဆေးကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိ သော တပ်မတော်သားများအား တွေ့ဆုံအား‌ပေးစကားပြောကြားကာ ဆေးကုသမှုခံယူလျက်ရှိသော လူနာ (၉၂)ဦးအတွက် အာဟာရမုန့်နှင့် ငွေသားတန်ဖိုး စုစုပေါင်းငွေကျပ် (၄၁) သိန်းနှင့် အမှတ်(၁) တပ်မ‌တော်ဆေးရုံ(ကုတင်-၃၀၀)အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)