ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ဒုတိယဌာနဆိုင်ရာများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ဒုတိယဌာနဆိုင်ရာများနှင့်တွေ့ဆုံ




MNP ၊ စက်တင်ဘာ ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သြဂုတ် (၃၁) ရက် နံနက်(၈)နာရီက လားရှိုးမြို့၊ ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးမြို့ ပြည်နယ်ဒုတိယဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဒုတိယ ဌာနဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းကြောင်း သိရသည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ အပေါ်ရှင်းလင်းရာ ရှေ့လုပ်ငန်းစဉ် များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း၊ မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်နိုင်မည်၊ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာသည် လူတိုင်းအတွက်လိုအပ်ပြီး လက်ရှိ ကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာလုံခြုံရေး (Food Security) မှာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေကြောင်း၊ နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဟူ၍ချမှတ်ထားပါကြောင်း၊ စီးပွားရေးဦးတည်ချက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြင့်တင်ရေး ဟူ၍ချမှတ်ထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုရှိမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် ချမှတ်ထားပါကြောင်း၊ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာ စေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး ချမှတ် ထားပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အပြည်သူအားလုံးအတွက် အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြင့်တင်ဆောင်ရွက်ရေး၊နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါ ဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်ဟူ၍ ချမှတ်ထားပါကြောင်း၊ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိများသည် လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်အားသွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ပူဇော်ဖူးမျှော်ကြည်ညိုပြီး ဘုရားအတွက် အလှူငွေများ ပေးအပ်လှူကြရာ ဘုရားဂေါပကတာဝန်ရှိသူများမှ လက်ခံရယူကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အရှေ့ခါးရိုး ဘုန်းတော်ကြီးကျောင်း၊ ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဥတ္တမ အဂ္ဂမဟာပဏ္ဍိတ မဟာဂန္တဝါ စကပဏ္ဍိတ သာသနာဓဇဓမ္မာစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့် လားရှိုးမြို့ မန်ဆူရှမ်းကျောင်း၊ လားရှိုးမြို့နယ်သံဃာနာယကဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ ဒေါက်တာဘဒ္ဒန္တတ ပုညနန္န (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဇ) (အဂ္ဂမဟာကမ္မဋ္ဌာနစရိယ) တို့အား သွားရောက်ဖူး မျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းပေးကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)