ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း (၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း (၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံသို့ တက်ရောက်


MNP ၊ စက်တင်ဘာ ၁၂

အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်အဖွဲ့နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေညီလာခံ” သို့ တက်ရောက်သည်။

ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၆၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့ အစည်းပေါင်း ၃၀ ကျော်မှ ရေအရင်းအမြစ်ဆိုင်ရာပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့တက်ရောက်လာကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့်ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(၁၈) ကြိမ်မြောက် ကမ္ဘာ့ရေညီလာခံကို စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံပေကျင်း မြို့၌ ငါးရက်ကြာကျင်းပမည်ဖြစ်ပြီး ယခုကျင်းပသည့် ညီလာခံ၏ ရလဒ်အဖြစ် “ပေကျင်းကြေညာချက်” ကို ထုတ်ပြန်သွားမည်ဖြစ်ကာ ညီလာခံတက်ရောက်လာကြသူများက ရေနှင့်ဆက်စပ်သည့် ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပြည့်မီစေရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည့် နည်းလမ်းများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့မီယွန်ခရိုင် ဟိုင်ရှန်စီကျေးရွာရှိ အသေးစားရေဝေရေလဲ ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်းနှင့်မီယွန်ရေလှောင်တမံသို့ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ သွားရောက်လေ့လာခဲ့ သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့်အတူ ကမ္ဘာ့ရေညီလာခံ၏ ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)