သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြားတွင် PDF အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြားတွင် PDF အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိ


MNP ၊ စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာကြား တွင် လုံခြုံရေးအဖွဲ့များ စစ်ဆေးရေးဆောင်ရွက်နေစဉ် စစ်ဆေးရေးအဖွဲ့အနီးသို့ရောက်ရှိလာပြီး စစ်ဆေးမှုခံယူမှု မရှိဘဲထွက်ပြေးခဲ့သည့် PDF အကြမ်းဖက်သမား ၃ဦး ကို ပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သုံးဆယ်မြို့၊ စံရွေးတန်းအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်အား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းအဖွဲ့မှ ကင်းပုန်းဝပ်ပိတ်ဆို့ စစ်ဆေးရေးဆောင်ရွက်စဉ် ဖားရွှေကျော်ကျေးရွာဘက်မှ သာယာအေးကျေးရွာဘက်သို မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးမည်ပြုစဉ် စီးနင်းလာသူ ၃ ဦးအနက် နောက်ဆုံးမှ လိုက်ပါလာသူမှာ ဆိုင်ကယ်ပေါ်မှဆင်း၍ လာရာလမ်းအတိုင်း ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့မှ သေနတ်ဖြင့်ခြောက်လှန့်၍ လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ထွက်ပြေးသူမှာ ဘယ်ဘက်နံစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း၊ ကျန် ၂ ဦးမှာ သာယာအေးကျေးရွာဘက်သို ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေးအဖွဲ့များမှ ဝိုင်းဝန်းခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ထွက်ပြေးသူ  ၂ ဦးအနက်မှ ၁ ဦးမှာ လည်ပင်းဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ကျန် ၁ ဦးမှာ နောကျောဖောက်ဝင် ဒဏ်ရာ ၂ ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားများထံမှ ဖောက်ခွဲရေးပစ္စည်းများ ဖြစ်သော ဖူချီဆပ်ပြာဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံး၊ PVC ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နံပါတ်ပြားမပါသော Louija-၁၁၀ အမျိုးအစား(အနက်ရောင်)ဆိုင်ကယ်(၁)စီးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)