MNP ၊ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သော အောင်လံမြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းပေါင်းစုံ အသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)နှင့်(ခ)အသင်း နှစ်သင်းဖွဲ့၍ အုပ်စုပတ်လည် ရှုံးထွက်အနေဖြင့် ယှဉ်ပြိုင်ကစားရာ၊ ဒရင်္ဂဗိုလ်အသင်းနှင့် ပြလို့အသင်း ဗိုလ်လုပွဲကို ယနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး၊ ကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ဆုရရှိသော အသင်းများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ
https://t.me/MyanmarNationalPost




No comments:
Post a Comment