MNP ၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ဖောင်ကြီးအနောက်ကျေးရွာတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရှေးဦးစွာ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့က မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍာများအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြပြီး ဖောင်ကြီးအနောက် ကျေးရွာအုပ်စုရှိ ကျေးရွာသူ၊ ကျေးရွာသားများအား ပန်းခင်းစီမံချက် (၂) ဖြင့် ဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများက လက်ဝယ်အရောက်ပေးအပ်ခြင်း၊ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကို စားအုန်းဆီ တစ်ပိဿာလျှင် (၄၃၆၀) ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် ဒေသနေပြည်သူများအား စျေးနှုန်းသက်သာစွာ ရောင်းချပေးကြောင်းလည်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment