ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် ရေဘေးရှောင်ပြည်သူ (၁၅၇) ဦးအား ထောက်ပံ့ငွေနှင့်လိုအပ်သော ပစ္စည်းများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် ရေဘေးရှောင်ပြည်သူ (၁၅၇) ဦးအား ထောက်ပံ့ငွေနှင့်လိုအပ်သော ပစ္စည်းများထောက်ပံ့


MNP ၊  စက်တင်ဘာ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ ရောက်ရှိလာသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ရေဘေးရှောင်စခန်းများသို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် အစားအစာများ၊ ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ် စိုးရိမ်ရေမှတ်အထက်ရောက်ရှိကာ မြစ်ကမ်းဘေးနေအိမ်များနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မြစ်ရေဝင်ရောက်မှုများရှိခဲ့ရာ ညောင်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားလျက်ရှိကြောင်း၊ အဆိုပါ ယာယီရေးဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိသည့် အမှတ် (၄) ရပ်ကွက်၊ ရှစ်မျက်နှာကျောင်းတိုက်ဝင်းအတွင်းရှိ ဆယ်ဆင်မေဓမ္မာရုံနှင့် အမှတ်(၅) သီလှရင်စုရပ်၊ မြသိန်းတန်ဘုရားကြီးအတွင်း ဓမ္မာရုံသို့ ရေဘေးခိုလှုံရောက်ရှိနေသည့် အိမ်ထောင်စု (၃၇) စု၊ လူဦးရေ (၁၅၇) ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ (၇) ရက်စာအတွက် (၃၂၉၇၀၀)-/ ကျပ်ထောက်ပံ့ပေးအပ်ခြင်းနှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ အိမ်ထောင်စု (၁၆) စုစာ အတွက် အိမ်ထောင်စုတစ်စုလျှင် ရေသန့်ကဒ်တစ်ကဒ်စီ၊  အသင့်စားခေါက်ဆွဲခြောက် (၁၀) ထုတ်ပါ အထုပ်ကြီးတစ်ထုပ်စီ၊ Mask တစ်ဘူးစီနှင့် Hand Gel တစ်ဘူးစီ၊ ဓာတ်ဆားထုတ်များနှင့် ထောက်ပံ့ငွေ (၁၆၀၀၀၀)-/ ကျပ်တို့အား   ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)