MNP ၊ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်မျိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တောင်ငူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကော်မတီဝင်များနှင့် မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) နှင့် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၉) ရွာနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာ (၂) ရွာ လျာထားဆောင်ရွက်လျက်ရှိပြီး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာ (၉) ရွာအား တစ်ရွာလျှင် သိန်း (၁၅၀) ဖြင့်လည်းကောင်း၊ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် သရက်ကုန်းကျေးရွာတွင် ငွေကျပ်သိန်း (၃၀၀) နှင့် ကြံခင်းကျေးရွာအား ငွေကျပ်သိန်း (၂၀၀) တို့ကို တာဝန်ရှိသူ အသီးသီးမှရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment