MNP ၊ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးမှုအဆင်ပြေချေားမွေ့စေရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် ဆန်နှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဝါးခယ်မမြို့၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိအားကစားခန်းမရှေ့တွင် ဆီတစ်ပိဿာ(၄၅၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း၊ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်ရှိ ဆန်ကုန်သည်ကြီးများအသင်းရုံးတွင် ဆန်တစ်ပြည်(၄၅၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း အိမ်ထောင်စုတစ်စုလျင် ဆန်(၂)ပြည်၊ ဆီ (၅၀) ကျပ်သားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment