MNP ၊ စက်တင်ဘာ ၂၉
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) ယနေ့တွင် ဘုရားစေတီပုထိုးများ၌ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
မုဒုံမြို့နယ်အတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများဖြစ်သည့် အတောင်(၄၀၀)ပြည့်လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး၊ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၊ ကန်ကလေးစေတီတော်၊ ဘင်လှိုင်ဆံတော်ရှင်စေတီတော်၊ ကမာဝက်မြို့ ကျိုက်ဇယ်ဆံတော်ရှင်စေတီတော်စသည့် ဘုရားစေတီပုထိုးများတွင် ရပ်ဝေးရပ်နီးဒေသခံပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ၊ သစ်သီးနှင့် မုန့်မျိုးစုံများကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည့်အပြင် ဘုန်းကြီးကျောင်းတွင်လည်း ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment