MNP ၊ စက်တင်ဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ သံဃာတော်များ ဆွမ်းအခက်အခဲအဆင်ပြေစေရန် အ တွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း လျက်ရှ ကြောင်းသိရသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးနှင့် ဝန်ထမ်းများက မောင်တောမြို့နယ်အတွင်းရှိ သိန္တိသုခ ဘုန်းတော်ကြီးကျောင်းနှင့် ဘင်္ဂလားဒေ့ရှ် ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်း၊သံဃာ ၊သာမဏေ များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို သွားရောက် ဆက်ကပ်လှူဒါန်းကြ ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment