ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တည်းခိုရိပ်သာသို့ မီးဘေးကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တည်းခိုရိပ်သာသို့ မီးဘေးကွင်းဆင်း စစ်ဆေး





MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့ပေါ်ရှိတည်းခိုရိပ်သာ များသို့  မီးဘေးကွင်းဆင်း စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ အချိန် က စစ်ဆေးခဲ့ကြသည်။ 


ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင် များ မြို့ပေါ်ရှိ တည်းခိုခန်းရိပ်သာများသို့  သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမှုရေး၊ မီးဘေး ကြိုတင် ကာကွယ်ရေး စီမံချက် များ ရေးဆွဲထားရှိရေး ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ ၊ မီးပလပ်/ ခလုတ် အား  ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး ၊ ရှေးဦး မီးသတ်ပစ္စည်း ကိရိယာ များ ဖြစ်သော မီးသတ် ဆေးဘူး ၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ် များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ် ကြောင်းနှင့်  မီးဘေးလုံခြုံရေး နှင့် အရေးပေါ် လွတ် မြောက်နိုင်ရေးအတွက် အရေး ပေါ် ထွက် ပေါက်များ ထားရှိရေး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်း နံပါတ် များအား ထားရှိစေရေး တို့ကို အကြံပြု လမ်း ညွန်မှာ ကြားခဲ့ကြ ကြောင်းသိရ သည်။  


သက်လွင်စိုး ၊အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment