MNP ၊ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့၊ နံနက် ၁၁ နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးသူနာပြုဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ဆရာ/ဆရာမတို့က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး၊ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးပြီးမှ သားအိမ်ခေါင်ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)အား စနစ်တကျ ထိုးနှံပေးခဲ့သည်။
အမျိုးသမီးငယ်များတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း အားဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် Human Papilloma Virus(HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး၊ မြန်မာတစ်နိုင်ငံလုံးတွင်(၁-၉-၂၀၁၁)မှ(၃၁-၈-၁၄)ရက်အတွင်း မွေးဖွားသော အမျိုးသမီးငယ် များကို စက်တင်ဘာလ ၁၈ ရက်မှ အောက်တိုဘာလအတွင်း ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမျိုးသမီး ကျောင်းသူ ၅၇ ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost





No comments:
Post a Comment