မြန်မာ ယူ၂၄ အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှ ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ နှင့် ဘောလုံးအဖွဲ့ချုပ်က သိန်း ၅၀၀ ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ ယူ၂၄ အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မှ ဆုကြေးငွေ ဒေါ်လာ ၅၀၀၀ နှင့် ဘောလုံးအဖွဲ့ချုပ်က သိန်း ၅၀၀ ချီးမြှင့်




MNP ၊ စက်တင်ဘာ ၂၅

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် အကောင်းဆုံး တတိယ နေရာမှ ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်သို့ တက်လှမ်းနိုင်ခဲ့သည့် မြန်မာ ယူ၂၄ အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

မြန်မာ ယူ၂၄ အသင်းသည် အဆိုပါ ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ ဘဂ်လားဒေရှ့်တို့နှင့် အတူကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၄)မှတ်ဖြင့် အကောင်းဆုံး အုပ်စုတတိယ နေရာမှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာ အမျိုးသား အသင်းသည် အာရှအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတွင် ချန်ပီယံ ၂ ကြိမ်၊ တတိယ ၁ ကြိမ်ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အုပ်စုမှ မတက်နိုင်ခဲ့ဘဲ ယခုနှစ်ပြိုင်ပွဲမှသာ ဒုတိယအဆင့်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ ယူ၂၄ အသင်း အနေဖြင့် ဒုတိယအဆင့်တွင် အာရှအင်အားကြီး ဂျပန် သို့မဟုတ်  ပါလက်စတိုင်းအသင်းနှင့် လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ယမန်နေ့ က အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် ဖျက်ထုတ်ပုံ ကြမ်းတမ်းရာမှ ပင်နယ်တီပေးခဲ့ရသည့် ဂိုးကို အစွမ်းကုန်ကြိုးပမ်း၍ ဂိုးရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပြီး အကောင်းဆုံးအုပ်စုတတိယနေရာမှ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)