ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်



MNP ၊  စက်တင်ဘာ  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများက “ငွေစာရင်း ထိန်းသိမ်းနည်း လက်စွဲ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထု အခြေ ပြု ဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး   ခရိုင်ရုံးရှိဝန်ထမ်းများ က  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ “ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ”စာအုပ်ပါ အကြောင်း အရာ များဖြစ်သော   အခန်း(၂)  နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်း ခေါင်းစဉ်အတွင်းပါဝင်သော အခြေခံ မူများ ၊ အခွန်စည်းကြပ်ရေး မူဝါဒ ၊ အသုံးစရိတ်မူဝါဒ ၊ စီးပွားရေးမူဝါဒ စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက် အ လက် များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြပြီး  သိလိုသည်များကို အပြန်အလှန် ဆွေးနွေး ခဲ့ကြ ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)