လှိုင်းဘွဲမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များက (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့က အမှတ်(၂)၊ ကုတင်(၁၀၀) စစ်ဆေးရုံ (တောင်ကလေး)၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


 အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိ(၃)ဦး၊ အခြားအဆင့် (၁၀)ဦးနှင့် ရဲတပ်ဖွဲ့ မိသားစုဝင် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၁၄) ဦးတို့မှ စုပေါင်းသွေးလှူဒါန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းထွန်းက ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင် ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် များအား အမှတ်(၂)၊ ခုတင်(၁၀၀)စစ်ဆေးရံမှ တာဝန်ကျ အရာရှိများက အားဖြည့်အာဟာရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)