သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်


MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားများ စိစစ်စစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသက်နိုင်ထွန်းက ညွန်ကြားချက်များအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေးပါတီဝင်အင်အားစာရင်းများကို မြေပြင်တွင် နေထိုင်မှုရှိ/မရှိ၊ သေဆုံးခြင်း၊ ပြောင်းထွက်ခြင်း၊ ပါတီဝင်ဟုတ်/မဟုတ်၊ နိုင်ငံ့ဝန်ထမ်းများ ဟုတ်/မဟုတ် စိစစ်ခြင်းများ ဆောင်ရွက်ပြီးပါကြောင်းနှင့် ပါတီဝင်စာရင်းများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ ပုံစံ ၆၆/၆တွင် ရှိ/မရှိစိစစ်ခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပြင်တွင် နေထိုင်မှုရှိ/မရှိ၊ သေဆုံးခြင်း၊ နိုင်ငံဝန်ထမ်းပါ/မပါ စိစစ်ခြင်း၊ ပါတီတာဝန်ခံအနေဖြင့် အမှန်တကယ် ပါတီဝင်ဟုတ်/မဟုတ် ပြန်လည်စိစစ်အတည်ပြုပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ် လ.ဝ.ကမှူး ဦးလျှံကျဲထန်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပါတီများမှ တာဝန်ရှိသူများက အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)