မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား စားသုံးဆီများကိုစျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား စားသုံးဆီများကိုစျေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိ



MNP ၊  စက်တင်ဘာ  ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကိုစျေးနှန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ယနေ့နံနက်၁၁နာရီခွဲက ကုန်းခင်ကျေးရွာအုပ်စု၊ကုန်းခင်ကျေးရွာပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။


  ထိုသို့ ရောင်းချရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် မာန်အောင်မြို့နယ် စားသုံးဆီ အရောင်းကိုယ်စားလှယ်ဒေါ်မေမေအောင်နှင့်အဖွဲ့က ကုန်းခင်ကျေးရွာအုပ်စု၊ကုန်းခင်ကျေးရွာနေ ပြည်သူများအား စားသုံးဆီ(၁)ပိဿာလျှင် (၅၁၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)