MNP ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း သားများ နှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် စာပေမှရသောအသိပညာဗဟုသုတများကို အသုံးပြု၍ လက်တွေ့ နယ်ပယ်တွင် တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ စာပေကိုမြတ်နိုး တန်ဖိုးထား သူများပိုမိုတိုးပွားလာစေရန် စသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု စာအုပ်ပါ အကြောင်းအရာများထဲမှ Grade-9 ကျောင်းသူ မမိမိစိုး မှ ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မခိုင်ခိုင်လင်း လူ့တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မမြတ်နှင်းပွင့် မှ မြန်မာစကားရဲ့သွင်ပြင်လက္ခဏာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီးနောက် အဆိုပါ စာဖတ်ဝိုင်း သို့ တက်ရောက်လာ ကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း သားများမှ အချင်းချင်းပြန်လည်ဆွေးနွေးကြရာ ထိုဆွေးနွေးမှုအပေါ် ဒုတိယဦးစီးမှူးက ထပ်ဆင့်ဆွေးနွေး ပြောကြားခဲ့သည်။
စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် Book Club ၊ Youth Club အသင်းဝင်များနှင့် စာဖတ်ပရိတ် သတ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ခြင်းကြောင့် ရရှိလာမည့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ၊ မြောက်ဦးခရိုင်ရုံးအနေဖြင့် ကျောင်းသူ/ကျောင်းသာများ ၊ ဒေသခံပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြပွဲများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment