ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ







MNP ၊ စက်တင်ဘာ ၂၆

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးများ ရိတ်သိမ်းနေသည့်အချိန်ဖြစ်၍ အလေအလွင့်နည်းပါးပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် စနစ်တကျရိတ်သိမ်းရန်လိုအပ်ကာ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းရာတွင် လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးစပါး ရိတ်သိမ်းပြီးပါက ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအား အထွက်ကောင်းပြီး ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဒုတိယသီးနှံ စပါးစိုက်ပျိုးမည့် နေရာများတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက သေချာကွင်းဆင်း၍ စိုက်နည်းစနစ်များ သရုပ်ပြပေးရန်၊ အသိပညာပေးရန်လိုအပ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးနှင့် တစ်နှစ်(၃)သီး စိုက်ပျိုးမည့် လယ်မြေများအား မျိုး၊ မြေ၊ ရေ၊ နည်း မှန်မှန်ကန်ကန် စနစ်တကျ ရွေးချယ်စိုက်ပျိုးသွားရန်အရေးကြီးကြောင်း၊ နွေစပါးစိုက်ပျိုးနိုင်ရေး အတွက် ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး မြေနေရာရွေးချယ်တင်ပြပေးရန်နှင့် ကုန်ကျစရိတ်နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးအပေါ်ချိန်ဆတင်ပြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေများ အကျိုးရှိရှိ စနစ်တကျသုံးစွဲနိုင်ရေးနှင့် လေလွင့်မှုမရှိစေရေး ကျေးရွာအုပ်စုအလိုက် ဖွဲ့ပေးထားသည့် Water User Group အား အသိပညာပေးခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်နည်းစနစ် ပြောင်းလဲနိုင်ရေး ယခင်နှစ်က Drum Seeder များ ဖြန့်ဝေပေးခဲ့သလို ယခုနှစ်တွင်လည်း တန်ဖိုးနည်း ကောက်စိုက်စက်များ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မြေဆီမြေနှစ်ကောင်းမွန်စေရေး သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး မြိုနယ်အလိုက်စီမံချက်ချမှတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထိုနောက် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများက မိုးစပါးရိတ်သိမ်းနေမှုနှင့် ဒုတိယသီးနှံ ဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ အထွက်ကောင်းမျိုးများပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ထားနေမှု၊  နွေစပါး စိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းစီမံချက်များအား Power Point များဖြင့်အသီးသီးတင်ပြခဲ့သည်။


တင်ပြချက်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား အကြံပြု တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

           

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)