MNP ၊ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ပြည့်က မွေးမြူရေးဆောင်ရွက်သူများအနေဖြင့် စီးပွားရေးအရ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် နိုင်ငံပိုင်သတင်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ထုတ်ပြန်သည့် အယ်လ်နီညို သတိပေးချက်များ၊ အသိပေးနှိုးဆော်စာများကို အလေးထားလိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် အယ်လ်နီညိုကြောင့် ကမ္ဘာ့တစ်ဝန်း သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်ချိန်မှာ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းအောင်၊ ခံနိုင်ရည်ရှိအောင်၊ အကျပ်အတည်းကို အခွင့်အလမ်းအနေနဲ့ပြောင်းလဲသွားအောင် အစိုးရနဲ့ပုဂ္ဂလိကမွေးမြူသူအပါအဝင် အားလုံးလက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်။အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment