နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


MNP ၊ စက်တင်ဘာ ၂၈

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီး၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယမန်နေ့က နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသကျေးရွာများသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြပြီး ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးဆောင်သောအဖွဲ့သည် နံနက်ပိုင်းတွင် ဘန်ဘားကျေးရွာအုပ်စု လ္ဘက်တောင်ကျေးရွာနှင့် အောင်ဘိသိက်ကျေးရွာတို့ရှိ အခြေခံပညာမူလတန်းကျောင်း (ခွဲ) ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ဆရာ ဆရာမများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစုများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ငါးပိ၊ ငါးခြောက်၊ ခေါက်ဆွဲခြောက်၊ ဆေးစိမ်ခြင်ထောင်၊ မုန့်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှင့် မိသားစုများက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် ဘို့မအုပ်စု ဘို့မသံတောင်ကျေးရွာရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ဆရာဆရာမများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဆေးစိမ်ခြင်ထောင်၊ မုန့်များနှင့်ထောက်ပံ့ငွေများကိုပေးအပ်ရာ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။ ဆက်လက်၍ နေပြည်တော် လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဘို့မသံတောင် အခြေခံပညာ မူလတန်းလွန်ကျောင်းအဝင်လမ်း၊ ဘို့မသံတောင် သာသနာ့ရောင်ခြည်ကျောင်းတိုက် ကျောင်းအဝင် လမ်းတို့ကို ကွန်ကရစ်လမ်းခင်းရန် တိုင်းတာခြင်းနှင့် သံပန်းတံခါးတပ်ဆင်ရန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် နန်းလွင်စန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆေးစိမ်ခြင်ထောင်၊ မုန့်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် အဖွဲ့သည် ပြည်ထောင်ကိုးကျေးရွာအုပ်စု ဝေသာလီ ကျေးရွာရှိ ရွှေဘုံသာကျောင်း၌ ဝေသာလီ၊ မြသီတာ၊ ပြဒါးချောင်း၊ နန်းလွင်စန်းနှင့် လမ်းကောကျေးရွာတို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ယခင် ခရီးစဉ်လာရောက်စဉ် ကျေးရွာများ၏ လိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့နှင့် စပ်လျဉ်း၍ ယခုခရီးစဉ်တွင် ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပြဒါးချောင်းကျေးရွာရှိ ပြဒါး ချောင်းရွာဦးကျောင်းသို့ရောက်ရှိကြပြီး အဆိုပါ ကျေးရွာနေဒေသခံပြည်သူများ လျှောက်ထားသည့် မီတာBox များကို ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပြဒါးချောင်း အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ အတန်းအလိုက် ပညာသင်ကြားနေမှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆရာဆရာမများအတွက် ဆေးစိမ်ခြင်ထောင်များကို ထောက်ပံ့ပေးအပ်၍ စာသင်ဆောင်အသစ်နှင့် သိပ္ပံဆောင်တို့တွင် လျှပ်စစ်မီးများ တပ်ဆင်အသုံးပြုနိုင်ရန် ကျောင်းဆောင်အတွင်း လျှပ်စစ်မီးရရှိရေးအတွက် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် မြသီတာကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းဝင်းအတွင်း အသစ်တည်ဆောက် လျက်ရှိသည့် ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုကာ ဆရာဆရာမများကို ဆေးစိမ်ခြင်ထောင်များပေးအပ်၍ မြသီတာကျေးရွာမှ ဒေသခံပြည်သူများ လျှောက်ထားသည့် မီတာ Box များကို ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းအိမ်ရာအတွင်း လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)