အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်- တောင်ကြီးရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့်လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်- တောင်ကြီးရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့်လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲ


MNP ၊ စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်း အမှတ် (၄) မှ တိုင်းတာဝန်ခံ အရာရှိ များနှင့်အတူ အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင်- တောင်ကြီးရထားလမ်းပိုင်းရှိ ပေါမူ၊ ထီသိမ် ဘူတာများ၊ ထီသိမ်အဝိုင်းပတ် ရထားလမ်း၊ ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်းပိုင်း၌ ကျောက်ရထားဖြင့်လိုက်ပါ၍ ဝန်ချိန်ပြည့် စမ်းသပ်ပြေးဆွဲမှုနှင့် တောင်ကြီးဘူတာ တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီးရထား လမ်းပိုင်းကိုစစ်ဆေးပြီး အဆိုပါ ရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ တာပေါင်မြင့်သည့် နေရာများတွင် Toe Wall များ စနစ်တကျတည်ဆောက်ရန်နှင့် လမ်းပိုင်းအတွင်း အသုံးပြုရန်မလိုတော့သည့် သံလမ်း၊ ကွန်ကရစ်ဇလီဖားနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျပြန်လည်သိမ်းဆည်းခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပင်းပက် - နောင်ကား - တောင်ကြီး ရထားလမ်း၌ ကျောက်ရထားဖြင့် ဝန်ချိန်ပြည့် စမ်းသပ်မောင်းနှင်မှုကို လိုက်ပါစစ်ဆေးရာ သတ်မှတ်မိုင်နှုန်းအတိုင်း ကောင်းမွန်စွာပြေးဆွဲ မောင်းနှင်နိုင်ကြောင်း တွေ့ရှိရပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအချောသပ်ခြင်း လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းတာပေါင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည်တောင်ကြီးဘူတာကိုစစ်ဆေးပြီး ရထားပြေးဆွဲရာတွင် အန္တရာယ် ကင်းရှင်းစေရေးအတွက် အရေးကြီးသည့် Point နှင့် အချက်ပြစနစ်များ ကောင်းမွန်စေရေးနှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။       


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)