ဆိပ်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများ သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ နေ့စဉ်ရောင်းချဖြန့်ဖြူးပေးနေကြောင်း သိရသည်။


ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်သက်သာသောဈေးနှုန်းများဖြင့် စားသုံးဆီများဒေသခံပြည်သူများကို တစ်ပိဿာလျှင် ၄၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။


အဆိုပါ စားသုံးဆီရောင်းချပေးရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်၍ ဒေသခံပြည်သူများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီတစ်ပိဿာနှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များနေ အိမ်ထောင်စု(၆၇၁)စုအတွက် စားသုံးဆီ(၆၇၁) ပိဿာကိုတစ်ပိဿာလျှင်(၄၇၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး စားသုံးဆီများကို ဒေသခံပြည်သူများသို့ နေ့စဉ်ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ ပြောကြားသိရှိရသည်။ 


ကိုဇွဲ

https://t.me/MyanmarNationalPost




No comments:

Post a Comment