အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့်စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့်စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ




MNP ၊  စက်တင်ဘာ  ၁၄

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးနှင့်ဆယ်ကျော် သက်အရွယ်လူငယ်များစာဖတ်ခြင်းစာအုပ်ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့ နေ့လည်အချိန်က ကျင်းပပြု လုပ်ခဲ့သည်။


 ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးစန်းဝင်းက စာပေမြတ်နိုးသူကျောင်း သားကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊စာဖတ်ဝိုင်းနှင့်တစ်ဆက် တည်းကျောင်းသားအရွယ်လူ ငယ်များအားကလေးအလုပ်သမားပပျောက်စေရေးအတွက် ကလေးအလုပ် သမား၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကလေးအလုပ်သမားများ၏အသက်အရွယ်ကလေးအလုပ်သမားများ၏အလုပ်ချိန်ကန့်သတ်ချက် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာမူများအားလည်းကောင်းကဗျာဆရာ အမ္ဗနဒီသန်းကြွယ်က စာရေးဆရာဖေမြင့်ရေးသားသည့်စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုကိုရရှိလိုလျှင်ဆောင်းပါးပါ အကြောင်းအရာများကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က စာရေးဆရာညွန့်ဝေမိုး ရေး သားသည့် အနာဂတ်ရိက္ခာ စာဖတ်ပါဆောင်ပါးပါအကြောင်းအရာများကိုလည်း ကောင်း စာကြည့်တိုက်လက် ထောက်-၃ ေဒါ်ဌေးဌေးဝင်းက စာရေး ဆရာပီမိုးနင်းရေးသားသည့်ဘာကြောင့်စာဖတ်သလဲဆောင်းပါး ပါအကြောင်းအရာများကိုလည်းကောင်း စာပေမြတ် နိုးသူလူငယ်များ မောင်ဝေယံ၊မောင် ကောင်းထက်ကျော်၊မတင်တင်မိုးနှင့်မ တင်ဇာဝင့်ကျော်တို့က စာဖတ်ခြင်း အ ကျိုးနှင့်စာအုပ်စာပေထဲက အကျင့်နဲ့စာရိတ္တ ဆောင်းပါးတွင်ပါရှိသည့်အ ကြောင်းအရာများကိုဖတ်ကြားဆွေးနွေးခဲ့ကြသည်။


      ဆက်လက်ပြီးစာပေမြတ်သူလူငယ်များကသိရှိလိုသည်များအားမေးမြန်းကြရာ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများမှအသီးသီးဖြေကြားရှင်းလင်း​ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


   ထို့နောက်စာပေမြတ်နိုးသူလူငယ်များသည် မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ပြသထားသော ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အားလေ့လာကြည့်ရှုကြရာမြို့နယ် ဦးစီးအရာရှိကစာစောင်ပါအ ကြောင်းအရာများနှင့်သိရှိလိုသည်များအားရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)