သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre )၌ မူလတန်းကလေးငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ






MNP ၊  စက်တင်ဘာ  ၁၄

ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက် တတ်သော အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့်ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ဂုန်နီအိတ်စွပ်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲနှင့် စာလုံးပေါင်းအမှားအမှန်ရွေးပွဲများကို  ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြိုင်ပွဲများကိုကျင်းပပြုလုပ်ကြရာ မူလွန်ဒွါရာဝတီ၊ အထက(ခွဲ)ငကျော်တောင်၊ အထက(ခွဲ)မြို့မ၊ အမက(အံတော်တောင်ရင်းကုန်း)နှင့် အမက(ရောင်ခြည်ဦး ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး လာရောက် ယှဉ်ပြိုင် ကြပြီး ပပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်တို့ က အမှတ်တရလက်ဆောင်များချီးမြှင့်ပေးခဲ့သည်။


သန့်ဇင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)