ရသေ့တောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV အကြောင်း အသိပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV အကြောင်း အသိပေးဆွေးနွေး




MNP ၊  စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မြင့်ဦး က ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်းနှင့် ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါ ကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီး လည်းကောင်း နိုင်ငံများတွင် ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုးအမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူ ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သက်၍ Video Clips ကို ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်းနှင့် ရသေ့တောင်မြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူ အခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။


 ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)