ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများအား စားသောက်ရေးအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများအား စားသောက်ရေးအဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအဖွဲ့က ပွင့်ဖြူမြို့၊ အမှတ်(၄) ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက မနောသုခဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ စားသောက်ရေးအဆင်ပြေစေရန်အတွက် မနောသုခဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအဖွဲ့က ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ပွင့်ဖြူမြို့၊ အမှတ်(၄)ချည်မျှင်စက်ရုံရှိ ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းဖြင့် စုစုပေါင်း ၂၄ ပြည် ဆန်အိတ်(၈)လုံးကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက ဆန်ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ယခုကဲ့သို့ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်အဖွဲ့ဝင်များပူးပေါင်းပြီး စုစုပေါင်းဆန်အိတ်အလုံးရေ(၈၀)လုံး စုဆောင်းပြီး ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် တစ်ကြိမ်လျှင် ဆန်အိတ်အလုံးရေ(၈)လုံးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်း ထံက သိရသည်။  


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment