လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာကျင့်သုံးကြရန်တိုက်တွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုက်နာကျင့်သုံးကြရန်တိုက်တွန်း


MNP ၊ စက်တင်ဘာ ၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်းအမှတ် စဉ် (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကော်မရှင်ရုံးခွဲတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် ဘာသာရပ်ဆိုင်ရာဗဟုသုတများ၊ အတွေ့အကြုံများနှင့် လုပ်ငန်းတာဝန်များကို စနစ်တကျပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချသွားကြရန်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်ရုံသာမက ဖြောင့်မတ်တည်ကြည်မှုရှိပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေး လိုက်နာကျင့်သုံးကြရန်၊ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ ရရှိခဲ့ ကြသည့် သင်တန်းသားသုံးဦးကို ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)