အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချသူများဝင်ငွေပိုမိုရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရင်းအနှီးနည်းသော တစ်ရှူးငှက်ပျောစိုက်ပျိုးရောင်းချသူများဝင်ငွေပိုမိုရရှိ



MNP ၊  စက်တင်ဘာ  ၁၄

အရင်းအနှီးကုန်ကျစရိတ် အလွန်နည်းပါးပြီး ဝင်ငွေပိုမိုရရှိသည့်အတွက်ဒေသခံစိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခုအခါတစ်ရှူးငှက်ပျောပင် စိုက်ပျိုးသူများပြားလာကြောင်း  စစ်ကိုင်း ခရိုင်၊ မြင်းမူမြို့ပေါ်ရှိတစ်ပိုင် တစ်နိုင်ငှက်ပျောစိုက်ပျိုးသူများထံမှသိရှိရသည်။


တစ်ရှူးငှက်ပျော စိုက်ပျိုးရာတွင် ရင်နှီးစိုက်ထုတ်ရသည့်   ကုန်ကျစရိတ်အလွန်နည်းပါးပြီး လအနည်းငယ်အတွင်း ဝင်ငွေရရှိနိုင်ကြောင်း၊ ပင်ကြားတန်းကြား(၁၀) ပေစီထားစိုက်ပျိုး နိုင်ကြောင်းငှက်ပျောအနေဖြင့်   စိုစွတ်သောအနေအထားကို ကြိုက်နှစ်သက်သော်လည်း   ရေဝတ်သောမြေကိုမကြိုက်ကြောင်း၊ ငှက်ပျောစိုက်ပျိုးပြီး (၈)လအရွယ်ရောက်ပါက ပင်မအပင်ကြီးမှငှက်ပျောခိုင်များ ရရှိပြီဖြစ်ကာ အပင်မကြီး၏ ဘေးအတက်များမှလည်း  နောက်ထပ်(၄)လအကြာတွင် ငှက်ပျောခိုင် များရရှိကြောင်း၊ အပင်ပွား (အတက်) များစွာရှိလာ မည်ဖြစ်သော်လည်း   သန်သောအပင်ပွားကိုသာထားရှိ မွေးမြူရန်လိုအပ်ကြောင်း၊ ငှက်ပျောခိုင် ထွက်ရှိမှုအနေဖြင့် တစ်ခိုင်လျှင်ငှက်ပျောဖီး (၃၀)ပါရှိကာ တစ်ဖီးလျှင် အလုံး(၄၀)ပါရှိပြီး ဈေးနှုန်းအနေဖြင့်    ငှက်ပျောတစ်ဖီးလျှင်ငွေကျပ်(၁၅၀၀)ဈေး ရှိသည်ဖြစ်၍   ငှက်ပျော တစ်ခိုင် အဖီး (၃၀)ရောင်းပါက  ငွေကျပ်(၄၅၀၀၀)ခန့်ရမည်ဖြစ်ကြောင်းနှင့် အရွက်ကိုပါ ရောင်းချရ၍ အပိုဝင်ငွေရရှိမည်ဖြစ်၍ မိမိတို့၏မြေနေရာလွတ်များ တွင်စိုက်ပျိုး လုပ်ကိုင် နိုင်ကြောင်း ငှက်ပျောစိုက်ပျိုးသူ ဦးတင်အောင်ထံမှသိရှိရသည်။


ငှက်ပျောစိုက်ရာတွင်  သဘာဝမြေဩဇာ(နွားချေး)ကိုသာထည့်သွင်းစိုက်ပျိုးပြီး  ဓါတု‌ဆေးဝါး အသုံးပြုစိုက်ပျိုးခြင်း မဟုတ်သည့် အတွက် ဘေးထွက်ဆိုးကျိုးမရနိုင်သောကြောင့်စား သုံးသူများ များပြားလျက်ရှိကြောင်းသိရှိရသည်။


အောင်စိုးဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)