MNP ၊ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စု၊ တလုပ်ကုန်းကျေးရွာ "သီဟ" ဆန်စက်၌ ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှူန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်နှူန်း ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ရောင်းချပေးခဲ့သည်။
အဆိုပါ ဆန်ရောင်းချနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်အဖွဲ့ဝင်(၂)ဦးတင်မောင် တို့ ကြည့်ရှု အားပေးခဲ့ကြပြီး၊ ကွင်းကြီး၊ကညင်သုံးဆင့်၊ဇရပ်ကွင်းဗြိုက်၊ တံခွန်တိုင်၊ကိုင်းတာ စသည့်ကျေးရွာမှကျေးရွာသူကျေးရွာသားများအား ဈေးနှူန်းသက်သာစွာ ရောင်းချ ပေးခဲ့သည်။
"သီဟ"ဆန်စက်ပိုင်ရှင် ဦးသိုက်စိုး+ဒေါ်သန်းသန်းနွယ် တို့က အိမ်ထောင်စု(၁၀၀)စု ရောင်းချပြီးတိုင်း လူ(၁၀)ဦးအား ကံစမ်းမဲဖောက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးဆုအနေဖြင့် မိမိနိုင်သလောက် ဆန်ကိုသယ်ယူနိုင်ကြောင်း၊ ပထမဆု ကျပ်တစ်သိန်း၊ ဒုတိယဆုနဲ့တတိယဆု ကျပ်ငါးသောင်းစီနှင့် ကျပ်သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း၊ ဆေးဝါး၊ အဝတ်အထည်နှင့် အသုံးအဆောင်များကို မဲဖောက်ပေးသွားမည်ဖြစ်ပြီး၊ (၂၄)ပြည်အိတ်(၅၀၀)ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment