ချောင်းဆုံတွင် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံတွင် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ






MNP ၊  စက်တင်ဘာ  ၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေး များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက် (၉) နာရီက ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောင့်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ကြသည်။


‌ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းက သားအိမ်ခေါင်း ကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများမှာ ဒုတိယမြောက် အဖြစ်အများဆုံးရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း၊ ဆေးထိုးနှံခြင်းကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်း၏ ရည်မှန်းချက် ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ်သတ်မှတ်ချက် ဆေးထိုးနှံမည့်အစီအစဉ်၊ ဆေးထိုးစုရပ်နေရာစသည့် အကြောင်းအရာများအား ပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကျောင်းသူ (၃၄၂၀) ဦးနှင့်  အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံမည့်သူ (၂၃၉) ဦးတို့အား ကျန်းမာရေးဌာန၊ ပညာရေးဌာန ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး စုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)