ရမ်းဗြဲမြို့( အထက ) ပုလုပ်တောင်ကျောင်း၌ မိုးရာသီ အားကစားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့( အထက ) ပုလုပ်တောင်ကျောင်း၌ မိုးရာသီ အားကစားသင်တန်း ဖွင့်လှစ်






MNP ၊  စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၊(အထက) ပုလုပ်တောင်ကျောင်း၌ ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ဦးဆောင်၍  မိုးရာသီ အားကစားသင်တန်း  Physical fitness dance (အေရိုဗစ်) သင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျန်းမာကြံ့ခိုင် သော ကျောင်းသူ/ကျောင်းသားများ  ဖြစ်လာစေရန်နှင့်  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ  စသည့်   ဗလငါးတန်  ဖွံ့ဖြိုးတိုးလာစေရန် ရည်ရွယ်ပြီး   ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊  သင်တန်းကာလမှာ  (၆-၉-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃)နေ့ထိဖြစ်ပြီး၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင်  ပြသ သင်ကြားသွားမည်  ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းသို့ ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၆၀)ဦး၊ စုစုပေါင်း(၉၀)ဦး တက်ရောက်မည်  ဖြစ်ကြောင်း သိရသည်။


 အောင်တင်ကြည် 

https://t.me/MyanmarNationalPost




No comments:

Post a Comment