နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ










MNP ၊ စက်တင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့်လူငယ်များအနေဖြင့် ပညာတတ်မြောက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ပညာတတ်များစွာ ပေါ်ထွက်လာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်ရန်နှင့် အတတ်ပညာ၊ အသိပညာများရရှိနိုင်ရန် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။


ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ပညာတတ်မြောက်မှသာ ဘဝရပ်တည်ရေးကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျုံးဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဘဝတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍနှစ်ရပ် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ပညာရေးကိုမဖြစ်မနေတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပြည်သူအားလုံး ကျန်းမာ‌ရေးကောင်မွန်စေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသူများက တိုင်းရင်းသားစာပေယဉ်ကျေးမှု၊ သင်ရိုးညွှန်းတမ်း၊ ပညာရေး၊ စားဝတ်နေရေး၊ စက်မှုဇုန်၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တတ ပုညနန္နအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)