နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ










MNP ၊  စက်တင်ဘာ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့ နံနက်ပိုင်းတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ တိမ်ကြားမင်းခေါင် ခန်းမ၌ မန်တုံမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အတတ်ပညာ၊ အသိပညာ နှင့်ပြည့်စုံသည့် လူသားအရင်းအမြစ် များ လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးကြရန်လိုကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသခံပြည်သူများနှင့် တာ ဝန်ရှိသူများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က တိုင်းရင်းသားပြည်သူများ၏ အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရန်နှင့် ဆင်းရဲမှုနည်းပါးအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မန်တုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့နှင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပညာရေး၊ ကျန်းမာရေးဌာနတို့ကို ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် မန်တုံမြို့နယ် နမ့်ကုမ်ချောင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ကိုလှည့် လည်ကြည့်ရှုပြီး မန်တုံမြို့ အောင်ချမ်းသာမာန်တောက်ကျောင်း ဆရာတော် ဦးသုနန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ အာဟာရပြည့် စား သောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ နမ့်ဆန် ပြည်သူ့ ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် နမ့်ဆန်မြို့ရှိ ဇယန်း ကြီး ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင် ပညာရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ပတ္တမြားစေတီနှင့် နမ့်ဆန်မြို့ မဟာမြတ်မုနိဘုရား အား သွားရောက် ဖူးမြော်ကြည်ညိုကာ အလှူငွေများ လှူဒါန်းကြသည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်း ကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ တောင်ပိုင်ခန်းမ၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပလောင်တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက  အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်စီးပွားရေးလုပ်ငန်းရှင်များက ပလောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင် ရွက်ပေးသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအပေါ် ထောက်ပံ့ငွေပေးအပ်ပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် အစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ နမ့်ဆန်မြို့၊ ဟူးခင်းကျေးရွာအုပ်စု မန်စပ်ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် အနောက်ဘက်ကမ်းပါးယံ ကျောက်စီမြေ ထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ်(၁၃၆,၈၀၀,၀၀၀)၊ နမ့်ဆန်မြို့ မြို့လယ်ရပ် ကွက်ရှိ ဒေသ/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အနောက်ဘက် မြေထိန်းနံရံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၃၀,၀၀၀, ၀၀၀)၊ နမ့်ဆန်မြို့ မင်္ဂလာရပ်ကွက် ဗိုလ်တာရာလမ်း မြို့နယ်စည်ပင်ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အောက်လမ်း ကမ်းပါးယံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် (၅၃,၂၀၀, ၀၀၀)၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ မန်စပ်ကျေးရွာ အတွင်းရှိ မန်စပ်-ရေပူစမ်း (ကျောက်ချောလမ်း)နှင့်(Box Culvert) တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံ ငွေကျပ် (၈,၅၀၀,၀၀၀)ကို ပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ပလောင် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ပလောင် တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့က လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ MSMEs ဒေသ ထွက်ကုန်ပစ္စည်းများ လှည့်လှည်ကြည့်ရူကြပြီး နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်သို့ သွားရောက်၍ မြို့မဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမလအား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးတွင် ပလောင်စာပေ ယဉ်ကျေးမှုအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)