နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသက်တမ်း ၁နှစ်ပြည့်မြောက်ပြီး အပြောင်းအလဲများ လုပ်ဆောင်ခဲ့ချိန်မှာ ဦးသန်းဆွေ ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ရယူခဲ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စိအစိုးရသက်တမ်း ၂နှစ်ပြည့်တဲ့အချိန်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ ဒုတိယဝန်ကြီးချုပ် တာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
အကြပ်အတည်း အခက်အခဲတွေကြား သံတမန်မျက်နှာစာမှာ သူ့ရဲ့ ရိုးသားပွင့်လင်းမှုကို သူ့ရဲ့ အပြုံးတွေက ထင်ဟပ်စေပါတယ်။ သူ့ရဲ့ အပြုံးဟာ မချိပြုံးမဟုတ်ဘူး။ ဟန်ဆောင်အပြုံးမျိုး မဟုတ်ဘူး။ သူဟာ ထိတွေ့ဆက်ဆံသူများအားလုံးနဲ့ ရိုးသားပွင့်လင်းစွာ ဆက်ဆံတယ်။ မာယာကင်းသော အပြုံးပိုင်ရှင်မျိုး ဖြစ်ပါတယ်။
အစိုးရတာဝန် ထမ်းဆောင်သူတွေမှာ ဟန်ဆောင်အပြုံးပိုင်ရှင်မျိုး များပါတယ်။ ရင်ထဲက မပါဘဲ ဟန်လုပ်ပြီး ပြုံးပြကြတာမျိုးပါ။ အများပြည်သူကြားမှာ သိသာပါတယ်။ ဟန်ဆောင်အပြုံးတွေကို ပြည်သူအများက ရွံမုန်းကြပါတယ်။ မာယာမကင်းသော ဟန်ဆောင်အပြုံးတွေနဲ့ ပြည်သူကို ခုတုံးလုပ်ပြီး လုပ်စားသွားခဲ့ကြတဲ့ ဖြစ်ရပ်တွေကိုလည်း ခံခဲ့ကြရပြီးပါပြီ။
လက်ရှိ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရဲ့ အပြုံးကို မြင်လိုက်ရရင် သဘာဝကို မြင်လိုက်ရသလို ခံစားရတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အဂတိလိုက်စားမှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပြီး ထိုင်းနိုင်ငံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးများအဆင့် တွေ့ဆုံပွဲမှာ ကတည်းက ဦးသန်းဆွေရဲ့ ရိုးသားပွင့်လင်းမှုကို မြင်တွေ့ခဲ့ရပါတယ်။ သူ့မှာ ဖိအားမရှိသလို ဟန်ဆောင်လိမ်ညာမှုလည်း မရှိဘူး။ အများပြည်သူအကျိုးအတွက် သူဆောင်ရွက်ရမယ့် တာဝန်တွေကို လွတ်လပ်ပေါ့ပါးစွာ ဆောင်ရွက်နေတဲ့ သဘောကို ဖော်ကျူးနေပါတယ်။
ယခုတပတ်အတွင်း ရုရှားခရီးစဉ်မှာတော့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခရီးပမ်းပြီး အနည်းငယ်နွမ်းလျနေပုံ ပေါ်ပါတယ်။ မာယာများလွန်းတဲ့ သံတမန်အသိုင်းအဝိုင်းမှာ ဦးသန်းဆွေရဲ့ အပြုံးတွေက မာယာကင်းတယ်။ သူ့ရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုံးကတော့ သူ့သဘာဝအတိုင်းပါပဲ။ ဦးသန်းဆွေရဲ့ အပြုံးဟာ မြန်မာပီသတယ်။ မြန်မာ့သဘာဝကို ထင်ဟပ်တယ်။ ရိုးသား ပွင့်လင်းတယ် ဆိုတာပါပဲ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment