နီပိန်းအစွန်းရောက်တွေဟာ မြန်မာနိုင်ငံသား၊ အမေရိကန်ရဲ့ ခွေးနွားတွေပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပိန်းအစွန်းရောက်တွေဟာ မြန်မာနိုင်ငံသား၊ အမေရိကန်ရဲ့ ခွေးနွားတွေပါ


အနိဋ္ဌာရုံသတင်းတွေ မကြာခဏကြားရပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဆိုရင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး မိသားစုနဲ့အတူ မိဘကို ပြန်ကန်တော့ရာမှ PDF အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ရဲအရှိနဲ့ ဇနီးဖြစ်သူ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရှေ့မှာ ရက်စက်စွာ အသတ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ မမြင်သင့် မမြင့်အပ်တဲ့ အနိဋ္ဌာရုံတွေ မြင်ရတွေ့ရပြီး ကလေးငယ်တွေမှာလည်း စိတ်ဒဏ်ရာတွေ ရကုန်ကြမှာပဲ ဖြစ်ပါတယ်။

စာရေးသူ ကန့်ဘလူမြို့နယ်ကို ရောက်ခဲ့စဉ်က တန့်ဆည်မြို့နယ်၊ ကဘဲကျေးရွာကို ရောက်ခဲ့တယ်။ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့အတူ လေ့ကျင့်ခန်းတွေလုပ်တယ်။ ပြည်သူ့စစ်သင်တန်း တက်နေတဲ့ ကျောင်းသူ မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။ သင်တန်းတက်တယ်ဆိုတာလည်း သူရဲ့ စိတ်ဆန္ဒအရ လူကြီးတွေက ခွင့်ပြုပေးထားခြင်းပါ။ သူ့ကို လက်နက်လည်း မကိုင်ခိုင်းသလို ဘာမှလည်း မခိုင်းပါဘူး။ 

သူ့ကို ဘာလို့ ပြည်သူ့စစ်ထဲ ဝင်တာလည်းလို့ မေးတဲ့အခါ PDF တွေကို လက်စားချေချင်လို့၊ ကိုယ့်မျက်စိရှေ့မှာတင် ကိုယ့်ဆွေမျိုးသားချင်းတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပြီး သူတို့ရင်ထဲမှာ နာကျည်းနေတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ကိုယ်တိုင်မကြုံတွေ့ရတဲ့သူတွေမှာ စာနာနားလည်နိုင်ဖို့ ခက်ခဲပါတယ်။ ကိုယ့်တွေ့ကြုံရတဲ့သူတွေမှာတော့ နာကျည်းမုန်းတီးစိတ်တွေ ကိန်းအောင်းနေမှာပဲ ဖြစ်ပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားလုပ်ဆောင်ဖို့ တိုက်တွန်းပြောဆိုခြင်းဟာ လူတွေကို သေစေချင်လွန်းလို့ မဟုတ်ပါဘူး။ NLD အစွန်းရောက် PDF ခွေးနွားတွေဟာ လက်နက်ကိုင်ပြီး လူပါးဝခွင့်ရတာကို သာယာနေကြတယ်။ သူတို့ကိုယ်သူတို့ ခွေးနွားဖြစ်လို့ ဖြစ်မှန်းမသိဘူး။ သူတို့တွေဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်မှုတွေ၊ အမုန်းတရားတွေကို ခံယူပြီး ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာရတဲ့ လုပ်ရပ်တွေကို ပျော်ပျော်ကြီး လုပ်နေကြခြင်းကြောင့် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားဆောင်ရွက်ဖို့ ပြောနေခြင်းပဲ ဖြစ်ပါတယ်။

နီပိန်းအစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ မြန်မာနိုင်ငံသား ပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီ။ သံဃာတော်တွေ၊ ဆရာ/ဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်မတော်သား မိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ၊ အဓိကအားဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ များစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

အစိုးရရဲ့ အားနည်းချက်ကို ဒဲ့ပြောရရင် အကြမ်းဖက်သမားများအပေါ် အလွန်အမင်းငဲ့ညှာပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ အစိုးရဝန်ထမ်း၊ ပြည်သူတွေကို အကာအကွယ်ပေးမှုအပိုင်းမှာတော့ အထက်အောက် ဟန်ချက်မညီဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများက တိုင်းပြည်တာဝန်ကို ဘာကြောင့် ယူခဲ့ရပါတယ်။ NLD ပါတီက မဲလိမ်မဲခိုးမှုတွေကို ဘယ်လိုလုပ်ခဲ့ပါတယ်။ ဥပဒေအရ ဆောင်ရွက်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေကို မကြာခဏ ရှင်းလင်းပြောကြားသည့် တိုင်အောင် မျက်ဖြူစိုက်လေ ဆရာကြိုက်လေ၊ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့ မြန်မာစကားပုံတွေဟာ အလကားမှ မဟုတ်ဘဲ။ တပ်မတော်က ဥပဒေအရ အာဏာလွှဲပြောင်းရယူခဲ့ရတဲ့ အခြေအနေကို အာဏာသိမ်းမှုဖြစ်အောင် လှုံ့ဆော်တယ်။ ဒီလိုအခင်းအကျင်းမျိုးမှာ နိုင်ငံရေးလုပ်စားသူတွေအတွက်လည်း အခွင့်အလမ်းဖြစ်သလို ဥပဒေအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုသူတွေအတွက်လည်း အခွင့်အလမ်း ဖြစ်ခဲ့ပါတယ်။

ကိုယ်ကျိုးရှာလိုသူတွေဟာ ရဲဘော်ရဲဘက်စိတ်မရှိဘူး။ အကြမ်းဖက်သမားနဲ့ ပူပေါင်းပြီး ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း သေကြောင်းကြံစည်ခဲ့ကြတယ်။ ရဲအရာရှိက တပ်အရာရှိကို မလိုလားဘူး။ ဥပဒေစိုးမိုးရေးကို အလေးထားပြီး လုပ်ဆောင်တဲ့ ပုဂ္ဂိုလ်မျိုးကို မလိုလားဘူး။ ဂျောက်တွန်းချင်တယ်။ ပြည်ဖျက်မီဒီယာတွေကို ချိတ်ဆက်ပြီး သတင်းရောင်းစားကြတာမျိုးတောင် ရှိသေးတယ်။ ခေတ်ကာလအရ ဖရဲသီးလို့ လူသိများလာကြတယ်။ 

နီပိန်းအစွန်းရောက်တွေ က သံဃာတော်၊ ဆရာ/ဆရာမ၊ အစိုးရဝန်ထမ်း လက်နက်မဲ့ ပြည်သူတွေကို အလစ်အငိုက် သတ်ဖြတ်နိုင်တာ မထူးဆန်းပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တာ၊ တပ်မတော်အရာရှိတွေကိုတောင် လုပ်ကြံနိုင်တယ်ဆိုတာ ဖရဲသီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကလည်း အစိုးရယန္တရားအတွင်းမှာ သူတို့လို လူယုတ်မာတွေ ရှိတာကို သိတယ်။ ငွေနောက်လိုက်နေကြတာကို သိတဲ့အခါကြတော့ ဖရဲသီးတွေကို ကောင်းကောင်း အသုံးချပြီး လက်နက်မဲ့ ပြည်သူများကိုသာမက လုံခြုံရေးအရာရှိတွေကို လုပ်ကြံသတ်ဖြတ်နိုင်သည် အထိ လက်စွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ နီပိန်း လူ့ငနွားတွေဟာ ပေါက်ကရ ပေါက်ပန်းစေး စကားကို ဆီလိုပေါက်ရှာ ပြောတတ်ကြပေမယ့် ဘာကိုမှ လေးလေးနက်နက် တွေးတောနိုင်စွမ်း ရှိတဲ့သူတွေ မဟုတ်ဘူး။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ပြည်သူတွေကို သတ်ခဲ့ကြတယ်။ ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်ခဲ့ကြတယ်။ ဒီလို ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတဲ့ လူ့ငနွား အကြမ်းဖက်သမားတွေ ရဖို့ အမေရိကန် က ၅နှစ်ပဲ သိမ်းသွင်းလိုက်ရပါတယ်။ နီပိန်းအစိုးရ (NLDအစိုးရ) ၅နှစ် သက်တမ်းမှာ နီပိန်းတွေကို အမေရိကန်တွေ မှိုင်းတိုက်ခွင့်ရခဲ့တယ်။ အမုန်းတရားတွေ သွပ်သွင်းခွင့်ရခဲ့တယ်။ အမျိုးယုတ်စိတ် ကိန်းအောင်းသွားအောင် လုပ်ပေးနိုင်ခဲ့တယ်။ နီပိန်းတွေမှာ ကိုယ့်ဘာသာ သာသနာကို ပြန်ပြီး စော်ကားဖို့ ဝန်မလေးတဲ့ အဆင့်ထိရောက်အောင် မှိုင်းတိုက်ခဲ့ပြီး ဖြစ်တဲ့အတွက် အခုလိုကာလမှာ အကြမ်းဖက်သမား အသုံးပြုခြင်း ခံရတာကို နားထင်သွေးရောက်ဖြစ်ပြီး ကိုယ့်ပြည်သူအချင်းချင်း အားရပါးရ သတ်နေကြတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကိုင်တွယ်ပုံကလည်း ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ အစိုးရရဲ့ တလွဲဆံပင်ကောင်း ငဲ့ညှာမှုတွေကြောင့် မြန်မာ့သမိုင်းမှာ အဆိုးရွာဆုံး အကြမ်းဖက်လှုပ်ရှားမှုကြီး ဖြစ်ခဲ့တာဆိုရင်လည်း မမှားပါဘူး။ အစိုးရရဲ့ အားနည်းချက်၊ အစိုးရယန္တရားအတွင်းမှာ ရှိနေတဲ့ ကိုယ်ကျိုးရှာလိုမှုကိုသာ အလေးထားတဲ့ လူယုတ်မာတွေနဲ့ ပူးပေါင်းပြီး အမေရိကန်အစိုးရရဲ့ လက်ပါးစေ နီပိန်းအစွန်းရောက်တွေက အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အကြမ်းဖက်နှိမ်နင်းရေးကို အမှန်တကယ် လုပ်ဆောင်နေကြရတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိုင်းအတွက် ဘေးအန္တရာယ် ကင်းရှင်းစေဖို့ ဆုတောင်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ တစ်ဖက်မှာ နီပိန်းအကြမ်းဖက်သမား၊ အတွင်းစည်းထဲမှာ က ဖရဲသီးရှိနေတဲ့အတွက် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း များစွာ ရှိတဲ့အတွက် ပိုပြီး အန္တရာယ်ကြီးပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်မှန်သော စေတနာနဲ့ လုပ်ဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အစွန်းရောက် အကြမ်းဖက်သမားများရဲ့ ဘေးမှကင်းဝေးကြပါစေ။ လူယုတ်မာ လူရမ်းကားမှန်သမျှကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေလို့ အမြဲတမ်း ဆန္ဒပြုပါတယ်။

၂နှစ်တာ ကာလ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ သူတို့ကို ဦးဆောင်တဲ့ သူတွေမှာလည်း ပြည်ပြေး ဝရမ်းပြေးတွေအဖြစ်နဲ့ ကမ္ဘာအရပ်ရပ်ကို ရောက်ကုန်ကြပြီ။ လေလှိုင်းပေါ်ကနေ အာသီးယောင်နေတာကလွဲလို့ ဘာမှ လူရာမဝင်တော့ဘူးဆိုတာလည်း နီပိန်းအကြမ်းဖက်သမားတွေ အသိပါပဲ။ ဘာမှ တာဝန်ယူမှု တာဝန်ခံမှု မရှိတာလည်း သူတို့ ကိုယ်တွေ့ပါပဲ။ ဒီလိုအခြေအနေရောက်သည်အထိ မိုက်မဲနေတဲ့ နီပိန်းတွေဟာ တကယ်တော့ မည်ကာမတ္တ မြန်မာနိုင်ငံသားတွေပါ။ အမှန်စင်စစ်က နီပိန်းအစွန်းရောက်တွေဟာ အမေရိကန်ရဲ့ ခွေးနွားတွေသာဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)