MNP ၊ စက်တင်ဘာ ၁၆
ကန့်ဘလူခရိုင် စုပေါင်းရုံးတွင် ယနေ့နံနက်ပိုင်းက စားအုံးဆီတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
နံနက်(၀၉၀၀)နာရီအချိန်မှ (၁၂၀၀)နာရီအချိန်ထိ ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ကန့်ဘလူမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်းထမ်းများအား ပထမနေ့အဖြစ် စားအုန်းဆီ (၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်း၊ ဝန်ထမ်းတစ်ဦးလျှင် ဆီ(၁)ပိသာ (၅၀၀၀)ကျပ်ဖြင့် လူဦးရေ (၁၇၀၀)၊ ဆီပိဿာချိန်(၁၇၀၀)အား ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရောင်းချမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ အရာရှိများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနဝန်ထမ်းများမှ လုံခြုံရေးဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။
#MyanmarNationalPost




No comments:
Post a Comment