MNP ၊ စက်တင်ဘာ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကတ်(နည်းပြ/ဒိုင်)သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက ညောင်ပင်ရပ်ကွက်ရှိ ခရိုင်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးကြည်ဇော်ထွန်း က အခြေခံကျလှသည့် မြို့နယ်အဆင့် နည်းပြဆရာကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကြည်စိုး ၊ ခရိုင်သတ္တုဦးစီးမှူး ဦးတင်ကိုကို၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလောင်းထန် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်စိုးအောင်၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်း တို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ အားကစားဝတ်စုံများထောက်ပံ့ပေးအပ်ခြင်း၊ နည်းပြဆရာများအား လက်ဆောင်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြဆရာ ဦးရဲမျိုးထွန်း အပါအဝင် နည်းပြ(၅)ဦးတို့က သင်တန်းသားသင်တန်းသူ (၂၀)ဦးတို့အား စက်တင်ဘာ ၁၁ ရက်နေ့က စတင်၍ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment