နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်



MNP ၊  စက်တင်ဘာ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာကြရာ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆိုကြ သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဟားခါးမြို့ရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ် ချမှတ်၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကိုအရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် အထွေထွေရွေးကောက်ပွဲသည်အရေးကြီးသည့် အတွက် လူဦးရေစာရင်း၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရန် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဆန်ဖူလုံရေး၊ စားသုံးဆီ ဖူလုံရေး အတွက် အဓိကသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန် လိုကြောင်း၊ နိုင်ငံတော်အစိုးရက အခြေခံပညာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း KG+9 အနည်းဆုံး ပြီးမြောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်တွင် အထူးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရန် ပညာရေးကို အထူးဦးစားပေး ဆောင်ရွက်ရန်လိုကြောင်း၊ ချင်းပြည်နယ်တွင် ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၅၁)ကျောင်း ရှိသည့် အနက် (၅၈၃) ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျောင်းတက်ရန် ခက်ခဲသည့်ကျောင်းသား၊ ကျောင်း သူများအား ထောက်ပံ့ကြေးများပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးချင်း ကျန်းမာရေးသည် အရေးကြီးသည့်အတွက် ချင်းပြည် နယ်အတွင်းလိုအပ်သည့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ အန္တိမ ရည်မှန်းချက် သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် လိုက်ပါလာသည့် ဌာနဆိုင်ရာအကြီးအမှူးများကို မိတ်ဆက်ပေး သည်။


ဆက်လက်၍  ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အစိုးရက ချမှတ်ထား သည့် မူဝါဒများကို ဌာနဆိုင်ရာများက ဦးဆောင်၍ ပြည်သူများ၏ပူးပေါင်းမှုဖြင့် အောင်မြင်အောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လူ့အဖွဲ့အစည်းအားလုံး အသိပညာ၊ အတတ်ပညာပညာရည်မြှင့်မားရေး သည် အဓိကဖြစ်သည့် အတွက်  ဒေသအလိုက် စာတတ်မြောက်နှုန်း မည်မျှရှိသည်ကို စမ်းစစ်ခြင်း ဖြင့် စတင်ရမည်ဖြစ်ပါ ကြောင်း၊ ကျောင်းပြင်ပပညာရေးဥပမာ အသုံးလုံးကြေသင်တန်းများ၊ စာဖတ်ဝိုင်းများ စသည်အားဖြင့် ကျေးလက်ဒေသအထိ တိုးမြှင့်ဆောင်ရွက်ရန် လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။





ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် လိုက်ပါလာသည့် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိဌာနအလိုက် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချူုပ်နှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က ၂၀၂၃−၂၀၂၄ ခုနှစ်၊ ဆောင်းရာသီ သီးနှံမျိုးစေ့များနှင့် ပုလဲဓာတ်မြေသြဇာတို့အား တောင်သူများထံ အသီးသီးပေးအပ်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က မြို့မိမြို့ဖများအတွက် အမှတ်တရလက်ဆောင်ပေးအပ်ရာ မြို့မိမြို့ဖ ဦးအုပ်နောလ်က လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် အမှတ်တရလက်ဆောင်ပေးအပ်ရာ ဦးသျှန်နွန်မောင်းက လည်းကောင်း၊ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးက လူမှုရေးအသင်းအဖွဲ့ များအတွက် အမှတ်တရလက်ဆောင်ပေးအပ်ရာ ဒေါ်တင်တင်က လည်းကောင်း လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment