MNP ၊ စက်တင်ဘာ ၁၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီအထိ ဗန်းမော်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရဲနိုင်ဦး ကြီးမှူး၍ ခရိုင်/မြို့နယ်/မြို့မရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ လေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး ကျောင်းဝင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုးနှင့်အဖွဲ့ဝင်များ၊ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment