နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ပြည်သူ့ဆေးရုံအား သွားရောက်၍ ဆေးကုသခံယူနေသောပြည်သူများအား အာဟာရပစ္စည်များ ထောက်ပံ့ပေးအပ် ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ပြည်သူ့ဆေးရုံအား သွားရောက်၍ ဆေးကုသခံယူနေသောပြည်သူများအား အာဟာရပစ္စည်များ ထောက်ပံ့ပေးအပ် ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ







MNP ၊  စက်တင်ဘာ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊"ဝ" ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၄)ရက် မွန်းလွဲ(၂)နာရီက "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ဒေသခံတိုင်းရင်းသား ပြည်သူများကို အားပေးစကားပြောကြားပြီး အာဟာရပြည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့က ဟိုပန်ပြည်သူ့ဆေးရုံအတွက် ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ဆရာမများမှ လက်ခံရယူသည်


ဆက်လက်၍ ဟိုပန်မြို့ မြသိန်းတန် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဟိုပန်မြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကန်တော့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။


ထို့နောက် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ဟိုပန်မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကမှာ အသိပညာရှင်၊ အတတ် ပညာရှင် ရှိရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍ တွင်လည်း တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်နိုင်ရန် ကျေးလက်ဒေသပါမကျန် အားလုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေး ကဏ္ဍတွင်လည်း လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သည့်အတွက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းအပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းပညာရရှင်များလိုအပ်ပါကြောင်း၊ အတတ်ပညာ ရှင်များ ပေါ်ထွန်းနိုင်ရန်အတွက် ကျောင်းနေအရွယ် ကလေးများ ကျောင်းနေနိုင်ရေးကို အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြရန် ပြောကြားသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက် စကားပြောကြားရာ တိုင်းရင်းသားလူမျိုးများသည် မတူကွဲပြားပြီး တစ်နေရာနှင့်တစ်နေရာ နေထိုင်ကြပါကြောင်း၊ စီပွားရေး၊ လူမှုရေးကိစ္စရပ်များကို တိုင်းရင်းသားများအားလုံး ညီညွတ်စွာ ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေပါကြောင်းနှင့် ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ထုတ်ကုန်မြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသိပညာအတတ်ပညာရှင်များရှိမှသာ စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ဆရာ၊ ဆရာမများကို အားကိုးအားထားနေရသောကြောင့် ကလေးများပညာတတ်အောင် ဆောင်ရွက်ပေးကြရန်နှင့် ကျေးလက်ဒေသတွင် ပညာတတ် နည်းပါးပြီး မြို့ပေါ်တွင် ပညာတတ်များ များပြားနေသည်ကို တွေ့ရပါ ကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများတို့က လုပ်ငန်းကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးပေးပြီး တင်ပြဆွေးနွေးချက်များအပေါ် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်ဆွေးနွေးပြောကြားသွားကြောင်း သိရသည်။


ဆက်လက်၍ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့ရှိ "ဝ"၊ ရှမ်း၊ ကိုးကန့်၊ ကချင်၊ လားဟူ၊ လီဆူး၊ မြောင်ဇီး၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်မှ နိဂုံးချုပ် စကားပြောကြားခဲ့၍ အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးခင်းကျင်းပြသထားသော "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ၊ ဟိုပန်မြို့ MSMEs ထုတ်ကုန်များကို လှည့်လှည် ကြည့်ရူကြကြောင်း သိရသည်။


ဆက်လက်၍  လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ သံလွင်မြစ်ကူးတံတား (ကွမ်းလုံ) တံတားသစ်အားသွားရောက်ကြည့်ရူစစ်ဆေးကြပြီးနမ့်ဟူး(ကွမ်းလုံ) - ဟိုပန် - မိုင်းမော လမ်းပေါ်ရှိ နမ့်တိန်းတံတား (တံတားအမှတ် ၁/၁)(၄၈၂) ပေ တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရူစစ်ဆေးရာ တံတားအထူးအဖွဲ့(၄) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရသန့်မှ တံတားနှင့် ပတ်သက်၍ ရှင်းလင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကတံတားတည်ဆောက်နေမှုအား ကြည့်ရူကြကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment