တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီလမှ ဩဂုတ်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၁၅၂ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီလမှ ဩဂုတ်လအထိ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၁၅၂ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရ



MNP ၊ စက်တင်ဘာ ၁၄

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ ဩဂုတ်လအထိ) ပို့ကုန်အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၉၉၃ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၁၅၉ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၁၅၂ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် ၄၇ ဒသမ ၅ တန်၊ ကော်ဖီစေ့ ၁၇ တန်၊ ကတ်ထူစက္ကူအဟောင်း ၃၆ တန် တင်ပို့နိုင်ခဲ့သည်။ 

သွင်းကုန်အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဒီဇယ် ၂၆၂ BBL ၊ ဓာတ်ဆီ ၅၉၈ BBL ၊ ဘိလပ်မြေ တန် ၃၆၀၊ မီးခံအုတ် ၃၅ တန်၊ ကွန်ကရစ် အမိုးပြား ၇ ဒသမ ၅၅၀ တန်၊ မှန်ချပ် ၁၀၀၀ စတုရန်းမီတာနှင့် အခြားပစ္စည်းများတင်သွင်းနိုင်သည်။ 

ငွေလဲနှုန်းအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ၁၀၁၀ ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment