MNP ၊ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်သော ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်၌ ချဉ်ပေါင်ဖာလာသီးများ တစ်ဆင့်ပြီးတစ်ဆင့် ရင့်မှည့်လာပြီဖြစ်၍ ဖလာစိုက်ပျိုးသူတောင်သူများက ဩဂုတ်လလယ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ချဉ်ပေါင်ဖာလာများကို ယမန်နှစ်ရာသီအစတွင် အခွံခြောက်တစ်ပိဿာလျှင် ကျပ် (၇၀၀ဝိ/-) သာရရှိသော်လည်း ယခုနှစ် စက်တင်ဘာလ ဒုတိယအပတ်တွင် မြို့ပေါ်၌ ချဉ်ပေါင်ဖာလာ တစ်ပိဿာလျှင် ကျပ် (၁၂၀၀ဝိ/-) အထိ ရရှိနေကြောင်းသိရသည်။
ဖာလာစိုက်တောင်သူများမှာ ခူးယူရရှိလာသော ချဉ်ပေါင်ဖာလာသီးများကို အညှာခြွေ၍ သံဇကာကြီးများဖြင့် အခွံအဝါရောင်သန်းပြီး ခြောက်သည်အထိ မီးဖြင့် လှော်ရကြောင်း၊ လှော်ထားပြီး သော ဖာလာများကို မှိုမတက်အောင် အအေးခံထားပြီးမှ သိုလှောင်သိမ်းဆည်းကြကြောင်း၊ အချို့က ဖာလာသီးများကို အခွံနွှာ၍ အစေ့ခြောက် ပြုလုပ်ကာ ရောင်းချကြကြောင်း ဖာလာစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment